Overseas Chinese History Museum
法国农业研究发展国际合作中心(CIRAD)的一名专家解释说,持续数月的出口限制政策造成印度尼西亚棕榈油库存大幅增加。马来西亚的棕榈油库存预计将在今年年底前达到自2019年4月以来的新高,也参与了当前的大规模去库存。而印度市场则因传统的排灯节(fêtes de Diwali)正处需求旺季。新德里在9月份大幅增加对棕榈油的进口,达到120万吨。这是今年进口量最多的一个月。
2022年10月14日
ကျိုက်ထီးရိုးဘုရား တောင်တက်ဂိတ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်ခံရပြီး စစ်သားနှင့်ရဲ ၁၅ ဦးခန့် ဒဏ်ရာရ၊ စစ်တပ်၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦးသေဆုံးပြီး ပြည်သူတချို့ ဒဏ်ရာရ
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းစခန်း (ကင်မွန်းချောင်း) ကျေးရွာအနီး၊ ကျိုက်ထီးရိုးဘုရားတောင်တက်ဂိတ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အမည်စိစစ်ဆဲ အဖွဲ့က အောက်တိုဘာလ ၁၂ ရက် ယနေ့ နံနက်၌လာရောက်ပစ်ခတ်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဘက်က အနီးဝန်းကျင်သို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်သဖြင့် ပြည်သူ ၃ ဦးသေဆုံးပြီး ပြည်သူ တချို့ဒဏ်ရာရရှိကြောင်း ဒေသခံများက ပြောသည်။
အောက်တိုဘာလ ၁၂ ရက် ယနေ့နံနက် ၁၀ နာရီ ၁၅ မိနစ်မှ စတင်ကာ လက် နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံများ ကြားရပြီး တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရှိရသည်။
“ပစ်တာက အပြန်အလှန်ပစ်ကြတာ။ စစ်တပ်ဘက်က လူအုပ်ဘက်ကို ပြန်ပစ်တာမှာ ပြည်သူ ၃ ဦးသေပါတယ်။ ကျနော်တို့တောင် ပုန်းလွတ်လို့ လွတ်သွားတာ။ ဟိုဘက်က လာပစ်တာက ဘယ်က ပစ်မှန်းမသိတာကို စစ်တပ်ဘက်က ရမ်းသမ်းပစ်တာ” ဟု ကျိုက်ထီးရိုးတောင်တက်ဂိတ်မှ ဆိုင်ရှင်တစ်ဦးက ပြောသည်။
ဒေသသတင်းရင်းမြစ်များကမူ ကျိုက်ထီးရိုးတောင်တက်ဂိတ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်ခံရခြင်းဖြစ်ပြီး ၁၅ ဦးခန့် ဒဏ်ရာရကာ ကျိုက်ထိုဆေးရုံသို့ ပို့ဆောင်ထားကြောင်း ဖော်ပြကြသည်။
“ဝင်းကလောကျေးရွာဘက်မှာ ဖြစ်တာ၊ ကင်မွန်းချောင်းနဲ့ ကျိုက်ထိုကြားမှာပါ။ မနက် ၁၀ နာရီ ၁၅ မိနစ်ကနေ ၁၁ နာရီ ကျော်အထိ ဖြစ်နေတယ်။ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်နေတယ်” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို မည်သည့်အဖွဲ့က လာရောက်ပစ်ခတ်သည်ကို ရန်ကုန်ခေတ်သစ်က အတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းလျက်ရှိသည်။
အဆိုပါဒေသသည် ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ အုပ်ချုပ်နယ်မြေအတွင်း တည်ရှိပြီး စစ်ကောင်စီတပ်ဖွဲ့များ ယာဉ်တန်းများကို KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက မကြာခဏ တိုက် ခိုက်လျက်ရှိသည်။
2022年10月13日
ကျောက်စိမ်းဈေးကွက် ဘယ်သူဖျက်
2022年10月13日
အမေကျော်ဒွေးတော်လွမ်းပြီး ထင်ရာဆိုင်းနေတဲ့ စစ်ခေါင်းဆောင်ကို အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီးယား နိုင်ငံက အာဆီယံ ထပ်သီးအစည်းအဝေးတက်ဖို့ ဖိတ်ကြားမှာမဟုတ်ဘူးလို့ သတင်းထွက်နေပါတယ်။ လာမယ့် နိုဝင်ဘာလအတွင်း ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တော်မှာကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေကို အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖိတ်ကြားတာ မရှိဘူးလို့ ကမ္ဘောဒီးယားအခြေစိုက် The Phnom Penh Post သတင်းဌာနက ဖော်ပြထားတာပါ။ ကမ္ဘောဒီးယား နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ Chum Sunry ရဲ့ပြောကြားချက်ကို ကိုးကားပြီး ဖော်ပြထားတာလို့ သိရပါတယ်။ အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ် အစည်းအဝေးတွေကို ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် နိုဝင်ဘာ ၈ ရက်ကနေ ၁၃ ရက်အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။ အခုလိုဆုံးဖြတ်ခဲ့တာဟာ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ရာမှာ တိုးတက်မှုမရှိတဲ့အပြင် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေကိုပါ စစ်ကောင်စီက သေဒဏ်ပေး ကွပ်မျက် ခဲ့တဲ့အပေါ် အာဆီယံအသိုင်းအဝိုင်းက စိတ်ပျက်သွားတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အာဆီယံ ထပ်သီး အစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေ တက်ရောက်ဖို့အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေသာမက အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်ရုံး၊ အာဆီယံ ဆွေးနွေးဘက်နိုင်ငံတွေအပါအဝင် ဒေသတွင်းနဲ့ နိုင်ငံတကာအဖွဲ့ အစည်းတချို့ကိုပါ ဖိတ်ကြားပြီးဖြစ်ပေမယ့် မြန်မာနိုင်ငံနဲ့ပတ်သက်လို့တော့ နိုင်ငံရေးမဟုတ်တဲ့ ကိုယ်စားလှယ်ကို သာစေလွှတ်ဖို့ အကြံပြုထားတယ်လို့ ကမ္ဘောဒီးယား နိုင်ငံခြားရေးနှင့် နိုင်ငံတကာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီး ဌာနက ပြောရေးဆိုခွင့်ရှိသူ Chum Sunry ကပြောထားပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီအနေနဲ့ ဒေသတွင်း အစည်းအဝေးတွေကို တက်ရောက်ခွင့်မရတာဟာ အခုတစ်ကြိမ်နဲ့ ဆိုရင် (၃)ကြိမ်မြောက်ရှိပြီလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာ ကျင်းပခဲ့တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနဲ့ ဇူလိုင်လကုန်မှာကျင်းပခဲ့တဲ့ (၅၅)ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးတွေကိုလည်း စစ်ကောင်စီအနေနဲ့ တက်ရောက်ခွင့် မရခဲ့တာဖြစ်ပါတယ်။ အထူးသဖြင့် ၂၀၂၁ ခုနှစ် ဧပြီလအတွင်း ကျင်းပခဲ့တဲ့ မြန်မာ့အရေး အရေးပေါ် အာဆီယံထိပ်သီးအစည်းအဝေးမှာ စစ်ခေါင်း ဆောင်ကိုယ်တိုင်တက်ရောက်ပြီး သဘောတူခဲ့တဲ့ အာဆီယံ မူ ၅ ချက်ကို အကောင်အထည်ဖော်ဖို့ ပျက်ကွက် နေတာကြောင့် အခုလိုချန်လှပ်ထားခဲ့တာလည်းဖြစ်ပါတယ်။ “ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများ ရပ်တန့်ရန်၊ ပြည်တွင်းရှိ သက်ဆိုင်ရာအစုအဖွဲ့ များကြား တွေ့ဆုံဆွေးနွေး အဖြေရှာရန်၊ မြန်မာနိုင်ငံကို အာဆီယံက လူသားချင်း စာနာထောက်ထားမှု အကူအညီများပေးရန်၊ မြန်မာ့အရေး ကြားဝင်ဖြေရှင်းရေးအတွက် အာဆီယံ အထူးကိုယ်စား လှယ် ခန့်အပ်ရန်၊ အာဆီယံ အထူးကိုယ်စားလှယ် မြန်မာပြည်လာပြီး သက်ဆိုင်သူအားလုံးနှင့်တွေ့ဆုံရန်” ဆိုတဲ့ အာဆီယံ မူ ၅ ချက်ထဲမှာ အကောင်အထည်ဖော်နိုင်တာဆိုလို့ အာဆီယံအထူးကိုယ်စားလှယ်ခန့်အပ်တာနဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေပေးတာ လောက်ပဲရှိခဲ့တာပါ။
2022年10月13日
密码保护:Mizzima Myanmar News and Insight
2022年10月13日
အင်ဒိုနီးရှားရှေ့နေနဲ့ နိုင်ငံရေးသမား Marzuki Darusman အပါအဝင် မြန်မာဆိုင်ရာ အထူးအကြံပေးကောင်စီ ကတော့ မြန်မာစစ်တပ်အနေနဲ့ နိုင်ငံရဲ့ ၁၇ ရာခိုင်နှုန်းလောက်ကိုသာ ထိန်းချုပ်နိုင်ပြီး ကျန်တဲ့နေရာတွေမှာ လက်နက်ကိုင်အဖွဲ့တွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရNUGရဲ့ လွတ်မြောက်နယ်မြေတွေ ဖြစ်နေကြောင်း မကြာခင်ကပြောဆိုခဲ့ပါတယ်။
ဒီအတွင်း ၂၀၂၀ နိုဝင်ဘာရွေးကောက်ပွဲ အနိုင်ရလွှတ်တော်အမတ်တွေက တခြားနိုင်ငံရေးပါတီတွေ၊ အရပ်ဘက်အဖွဲ့တွေ၊ စစ်ကောင်စီဆန့်ကျင်ရေးအဖွဲ့တွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့အတူ NUG နဲ့ ကြားဖြတ်လွှတ်တော်အပါအဝင် ကြားဖြတ်အဖွဲ့အစည်းတွေထူထောင်ဖို့ စုစည်းခဲ့ကြပါတယ်။
NUG ဟာ ဝန်ကြီးအဆင့်မှာ အွန်လိုင်းကနေ အများဆုံး အလုပ်လုပ်လေ့ရှိပြီး နိုင်ငံတွင်းက လွတ်မြောက်နယ်မြေတချို့ကိုလည်း စီစဉ်ညွှန်ကြားရပါတယ်။
အလုပ်အကိုင်အမျိုးမျိုး နိုင်ငံရေးနောက်ခံအမျိုးမျိုးက လာတဲ့သူတွေအပြင် အရပ်သားတွေလည်းပါဝင်ပါတယ်။
NUG ရဲ့ အဓိကဦးတည်ချက်က စစ်တပ်ရဲ့ တရားဝင်လွှမ်းမိုးမှုကို လက်မခံငြင်းဆန်ဖို့ဖြစ်ပြီး၊ အခြေခံဝန်ဆောင်မှုတွေပေးဖို့၊ ပညာရေးမှာလည်း နိုင်ငံအနှံ့ကျယ်ပြန့်တဲ့ မြေအောက်ပညာရေး ဆန်ဆန်စနစ်မျိုးထူထောင်ဖို့၊ အခြေခံဥပဒေသစ်ရေးဆွဲနိုင်ဖို့ စတာတွေ ပါဝင်ပါတယ်။
2022年10月12日
密码保护:Free Malaysia Today (FMT)
2022年10月12日
密码保护:The Malaysian Insight
2022年10月12日
密码保护:MalaysiaNow
2022年10月12日
密码保护:Malaysia Church News
2022年10月12日
←
上一页
1
…
102
103
104
105
106
…
309
下一页
→