Overseas Chinese History Museum

  • အမေကျော်ဒွေးတော်လွမ်းပြီး ထင်ရာဆိုင်းနေတဲ့ စစ်ခေါင်းဆောင်ကို အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီးယား နိုင်ငံက အာဆီယံ ထပ်သီးအစည်းအဝေးတက်ဖို့ ဖိတ်ကြားမှာမဟုတ်ဘူးလို့ သတင်းထွက်နေပါတယ်။ လာမယ့် နိုဝင်ဘာလအတွင်း ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တော်မှာကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေကို အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖိတ်ကြားတာ မရှိဘူးလို့ ကမ္ဘောဒီးယားအခြေစိုက် The Phnom Penh Post သတင်းဌာနက ဖော်ပြထားတာပါ။ ကမ္ဘောဒီးယား နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ Chum Sunry ရဲ့ပြောကြားချက်ကို ကိုးကားပြီး ဖော်ပြထားတာလို့ သိရပါတယ်။ အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ် အစည်းအဝေးတွေကို ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် နိုဝင်ဘာ ၈ ရက်ကနေ ၁၃ ရက်အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။ အခုလိုဆုံးဖြတ်ခဲ့တာဟာ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ရာမှာ တိုးတက်မှုမရှိတဲ့အပြင် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေကိုပါ စစ်ကောင်စီက သေဒဏ်ပေး ကွပ်မျက် ခဲ့တဲ့အပေါ် အာဆီယံအသိုင်းအဝိုင်းက စိတ်ပျက်သွားတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အာဆီယံ ထပ်သီး အစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေ တက်ရောက်ဖို့အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေသာမက အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်ရုံး၊ အာဆီယံ ဆွေးနွေးဘက်နိုင်ငံတွေအပါအဝင် ဒေသတွင်းနဲ့ နိုင်ငံတကာအဖွဲ့ အစည်းတချို့ကိုပါ ဖိတ်ကြားပြီးဖြစ်ပေမယ့် မြန်မာနိုင်ငံနဲ့ပတ်သက်လို့တော့ နိုင်ငံရေးမဟုတ်တဲ့ ကိုယ်စားလှယ်ကို သာစေလွှတ်ဖို့ အကြံပြုထားတယ်လို့ ကမ္ဘောဒီးယား နိုင်ငံခြားရေးနှင့် နိုင်ငံတကာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီး ဌာနက ပြောရေးဆိုခွင့်ရှိသူ Chum Sunry ကပြောထားပါတယ်။
    အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီအနေနဲ့ ဒေသတွင်း အစည်းအဝေးတွေကို တက်ရောက်ခွင့်မရတာဟာ အခုတစ်ကြိမ်နဲ့ ဆိုရင် (၃)ကြိမ်မြောက်ရှိပြီလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာ ကျင်းပခဲ့တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနဲ့ ဇူလိုင်လကုန်မှာကျင်းပခဲ့တဲ့ (၅၅)ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးတွေကိုလည်း စစ်ကောင်စီအနေနဲ့ တက်ရောက်ခွင့် မရခဲ့တာဖြစ်ပါတယ်။ အထူးသဖြင့် ၂၀၂၁ ခုနှစ် ဧပြီလအတွင်း ကျင်းပခဲ့တဲ့ မြန်မာ့အရေး အရေးပေါ် အာဆီယံထိပ်သီးအစည်းအဝေးမှာ စစ်ခေါင်း ဆောင်ကိုယ်တိုင်တက်ရောက်ပြီး သဘောတူခဲ့တဲ့ အာဆီယံ မူ ၅ ချက်ကို အကောင်အထည်ဖော်ဖို့ ပျက်ကွက် နေတာကြောင့် အခုလိုချန်လှပ်ထားခဲ့တာလည်းဖြစ်ပါတယ်။ “ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများ ရပ်တန့်ရန်၊ ပြည်တွင်းရှိ သက်ဆိုင်ရာအစုအဖွဲ့ များကြား တွေ့ဆုံဆွေးနွေး အဖြေရှာရန်၊ မြန်မာနိုင်ငံကို အာဆီယံက လူသားချင်း စာနာထောက်ထားမှု အကူအညီများပေးရန်၊ မြန်မာ့အရေး ကြားဝင်ဖြေရှင်းရေးအတွက် အာဆီယံ အထူးကိုယ်စား လှယ် ခန့်အပ်ရန်၊ အာဆီယံ အထူးကိုယ်စားလှယ် မြန်မာပြည်လာပြီး သက်ဆိုင်သူအားလုံးနှင့်တွေ့ဆုံရန်” ဆိုတဲ့ အာဆီယံ မူ ၅ ချက်ထဲမှာ အကောင်အထည်ဖော်နိုင်တာဆိုလို့ အာဆီယံအထူးကိုယ်စားလှယ်ခန့်အပ်တာနဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေပေးတာ လောက်ပဲရှိခဲ့တာပါ။

    2022年10月13日
  • 密码保护:Mizzima Myanmar News and Insight

    2022年10月13日
  • အင်ဒိုနီးရှားရှေ့နေနဲ့ နိုင်ငံရေးသမား Marzuki Darusman အပါအဝင် မြန်မာဆိုင်ရာ အထူးအကြံပေးကောင်စီ ကတော့ မြန်မာစစ်တပ်အနေနဲ့ နိုင်ငံရဲ့ ၁၇ ရာခိုင်နှုန်းလောက်ကိုသာ ထိန်းချုပ်နိုင်ပြီး ကျန်တဲ့နေရာတွေမှာ လက်နက်ကိုင်အဖွဲ့တွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရNUGရဲ့ လွတ်မြောက်နယ်မြေတွေ ဖြစ်နေကြောင်း မကြာခင်ကပြောဆိုခဲ့ပါတယ်။
    ဒီအတွင်း ၂၀၂၀ နိုဝင်ဘာရွေးကောက်ပွဲ အနိုင်ရလွှတ်တော်အမတ်တွေက တခြားနိုင်ငံရေးပါတီတွေ၊ အရပ်ဘက်အဖွဲ့တွေ၊ စစ်ကောင်စီဆန့်ကျင်ရေးအဖွဲ့တွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့အတူ NUG နဲ့ ကြားဖြတ်လွှတ်တော်အပါအဝင် ကြားဖြတ်အဖွဲ့အစည်းတွေထူထောင်ဖို့ စုစည်းခဲ့ကြပါတယ်။
    NUG ဟာ ဝန်ကြီးအဆင့်မှာ အွန်လိုင်းကနေ အများဆုံး အလုပ်လုပ်လေ့ရှိပြီး နိုင်ငံတွင်းက လွတ်မြောက်နယ်မြေတချို့ကိုလည်း စီစဉ်ညွှန်ကြားရပါတယ်။
    အလုပ်အကိုင်အမျိုးမျိုး နိုင်ငံရေးနောက်ခံအမျိုးမျိုးက လာတဲ့သူတွေအပြင် အရပ်သားတွေလည်းပါဝင်ပါတယ်။
    NUG ရဲ့ အဓိကဦးတည်ချက်က စစ်တပ်ရဲ့ တရားဝင်လွှမ်းမိုးမှုကို လက်မခံငြင်းဆန်ဖို့ဖြစ်ပြီး၊ အခြေခံဝန်ဆောင်မှုတွေပေးဖို့၊ ပညာရေးမှာလည်း နိုင်ငံအနှံ့ကျယ်ပြန့်တဲ့ မြေအောက်ပညာရေး ဆန်ဆန်စနစ်မျိုးထူထောင်ဖို့၊ အခြေခံဥပဒေသစ်ရေးဆွဲနိုင်ဖို့ စတာတွေ ပါဝင်ပါတယ်။

    2022年10月12日
  • 密码保护:Free Malaysia Today (FMT)

    2022年10月12日
  • 密码保护:The Malaysian Insight

    2022年10月12日
  • 密码保护:MalaysiaNow

    2022年10月12日
  • 密码保护:Malaysia Church News

    2022年10月12日
  • 密码保护:Lumi News Malaysia

    2022年10月12日
  • MALAYSIA TODAY

    2022年10月12日
  • 密码保护:CNA: Breaking News, Singapore News, World and Asia

    2022年10月12日
←上一页
1 … 102 103 104 105 106 … 309
下一页→